User:Santhosh.thottingal/Myanmar

From translatewiki.net

ဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်းဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

OS X Mountain Lion (အိုအက်စ် ထန်း မောင်တိန် လိုင်းယန်း) (ဗားရှင်း ၁၀.၈) သည် Mac OS X ၏ ကိုးခုမြောက်ဖြစ်လာမည့် ထုတ်လုပ်မှုဖြစ်ပြီး အက်ပဲလ် ကုမ္ပဏီမှ ထုတ်လုပ်သော မက်ကင်တို့ရှ် (Macintosh)ကွန်ပြူတာ၏ စားပွဲတင်ကွန်ပြူတာ နှင့် ဆာဗာ အိုပရေးတင်း စစ်စတမ်သစ်ဖြစ်ပါသည်။ ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၆ရက်နေ့တွင် OS X Mountain Lion ကို ၂၀၁၂ခုနှစ် နွေရာသီ (အနောက်နိုင်ငံ) တွင် ထုတ်လုပ်မည်ဟုစီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ၎င်းသည် iOS မှထပ်ဆောင်း feature များပါဝင်လာမည်ဖြစ်ပြီး ၎င်းတို့မှ အချို့သည် OS X Lion ကတည်းမှ မိတ်ဆက်ပြီးဖြစ်သည်။ အက်ပဲလ်မှ ၂၀၁၂ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၆ရက်နေ့၌ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် OS X Mountain Lion ကို Mac OS X 10.7 Lion ၏ ဆက်ခံမည့် ဗားရှင်းဟု ကြေညာခဲ့သည်။ ၎င်းသည် လက်ရှိတွင် စမ်းသပ်ဆဲဖြစ်ပြီး အက်ပဲလ်မှ စမ်းသပ်ဗားရှင်းအား အက်ပဲလ် အခကြေးငွေပေး ဒီပလိုပါများအား အခမဲ့ ဒေါင်းလုပ်ခွင့်ပေးထားသည်။